၂၀၁၈ ခုနှစ်က လူတစ်ဦးသည် နယူးယောက်ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် တစ်ညတာ တည်းခိုခဲ့သည်။ အံ့သြစရာမှာ သူသည် မရှင်းလင်းသော ငှားရမ်းခ ဥပဒေများကို အခွင့်ကောင်းယူကာ တစ်ပြားတစ်ချပ်မှ ထပ်မပေးဘဲ အခန်းကို ငါးနှစ်ကြာ အသုံးပြုခဲ့သည်။ သို့သော် အခန်း မဖယ်ပေးခြင်းကြောင့် အဆုံး၌ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
စိတ်ပျက်ဖွယ် ကြာမြင့်စွာ နေထိုင်ခဲ့သည့် အိမ်ငှားကဲ့သို့ပင်၊ ကျွန်ုပ်တို့ သတိလစ်သွားပါက မာရ်နတ်သည် ကျွန်ုပ်တို့အသက်တာ၌ တဝဲလည်လည် ရှိနေမည်ဟု သတိပေးလျက်၊ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဟု ရှင်ယာကုပ်ရေးသားခဲ့သည် (ယာ ၄:၇)။ ကျွန်ုပ်တို့ ၏ရုန်းကန်ရမှုသည် စိတ်နှလုံး၌ နေရာယူနေသည့် မာန်မာန၊ ယုံကြည်ခြင်းနှင့် အလိုဆန္ဒကြား လွန်ဆွဲနေမှု၊ မသန့်ရှင်းသောအတွေး စသည့် မသန့်ရှင်းသော “ကိလေသာကာမစိတ်”နှင့် “ကာမဂုဏ်ခံစားခြင်း”များမှဖြစ်ပေါ်လာကြောင်း(:၁၊၃)၊ ရှင်ယာကုပ်က အလေးပေးဖော်ပြထားသည်။…
သုတေသနအချက်အလက်များအရ Gen Z(ဂျန်ဇီး)မျိုးဆက်များသည် လိမ်ညာချီးမွမ်းမှုကို တစ်မိုင်အကွာကပင် သိနိုင်စွမ်းရှိသည်။ ရည်ရွယ်ချက်မှာ သနားကြင်နာမှုဖြစ်နိုင်သော်လည်း စစ်မှန်သော လေးစားမှုနှင့် ရိုးသားမှုကဲ့သို့သော ပိုမိုနက်ရှိုင်းသောအရာကို ထိုမျိုးဆက်ဝင်တို့ တန်ဖိုးထားကြသည်။ မြှောက်ပင့် ပြောဆိုခံရရေးကို ရှာဖွေနေခြင်း မဟုတ်ဘဲ သူတို့အား ယုံကြည်ပေးမှုကို လိုလားကြသည်။ အမှန်တရားကို ပြောဆိုသောအခါ သူတို့အား လေးစားအလေးထားသည်ဟု ခံစားရပြီး ကြီးထွားရင့်ကျက်လာရန် စိန်ခေါ်ခံရသည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့အများစုအတွက် မှန်နေနိုင်ပါသည်။
ဆာလံ ၁၄၁:၅ က ဤဉာဏ်ပညာကို ဖော်ပြထားသည်။ “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော”ဟု ဒါဝိဒ်ရေးခဲ့သည်။ ဘုရားသခင်ထံ ဆုတောင်းရာတွင် သူ့အနေဖြင့် မိတ်ဆွေများက ချစ်ခြင်းမေတ္တာဖြင့်ပေးသော ဒဏ်ချက်များကို ကျေးဇူးပြုမှုအဖြစ် ကြိုဆိုနိုင်ရန် တောင်းလျှောက်ထားသည် (: ၅၊ သု ၂၇:၆ ကိုလည်း ကြည့်ပါ)။ စစ်မှန်သောမေတ္တာသည် ခက်ခဲသည့်တိုင်…
သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရ စရိုက်ဆိုးယုတ်မာသည့်ဇာတ်ကောင်များပါဝင်သော ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုခြင်းသည် လူတို့ကို စရိုက်ဆိုးသူများဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု(သို့) နောက်ကွယ်မှ ကောလာဟလသတင်းလွှင့်ခြင်း စသည့်ရန်လိုသောပုံစံအမျိုးမျိုးသည် ကြည့်ရှုသူများ၏ဦးနှောက်ကို အလားတူပုံစံမျိုးပြုမူရန် သင်ပေးနေသည်။ ဤဆက်နွယ်မှုသည် မကြာခဏပင် မသိစိတ်မှ ဖြစ်လာတတ်ပြီး၊ အခြားသူ၏အားနည်းချက်ကို ပြောဆိုသည့် “အန္တရာယ် မရှိ”ပုံပေါ်သည့် ဟာသများပင်လျှင် အခြားသူများအပေါ် ကျွန်ုပ်တို့၏ ဆက်ဆံပုံကို မသိမသာ လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အချိန်ပေးပြီး ဆက်ဆံသူများက ကျွန်ုပ်တို့၏အပြုအမူကို ထိခိုက်စေနိုင်ပါသည်။
ရှောလမုန်သည် “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသော ထာဝရမြဲသည့် ဉာဏ်ပညာကိုပေးခဲ့သည်(သု ၁၃:၂၀)။ လူတစ်ဦးချင်းစီသည် ဤဉာဏ် ပညာကို ကိုယ်တိုင်တစ်ဦးတည်းမရနိုင်သောကြောင့်၊ မိုက်မဲသူများအစား ပညာရှိပြီး ဘုရားသခင်ကို ရိုသေလေးစားသည့်ဆရာများ၊ မိတ်ဆွေများနှင့် ပေါင်းသင်းသင့်ကြောင်း ညွှန်ပြထားသည်။ ပညာရှိများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် “မျက်နှာရတတ်”ပြီး၊ “ခက်သောလမ်း”ကို ရှောင်ရန်…
ရှည်လျားသော ခရီးစဉ်တစ်ခုမှ ကျွန်တော်တို့ဇနီးမောင်နှံပြန်လာပြီး ကျွန်တော်တို့ နေထိုင်သည့်လမ်းနှင့် နီးလာသောအခါ “ဖြတ်သန်းသွားလာခွင့်မပြု” ဟူသည့် လမ်းပိတ်ဆိုင်းဘုတ်ကြီးတစ်ခုက လမ်းကိုပိတ်ထားသည်။ အိမ်က ရှေ့နားမှာပင်ဖြစ်၍ ထိုဆိုင်းဘုတ်ကို ပတ်မောင်းသွားချင်စိတ် ပေါ်လာသည်။ လမ်းလွှဲ မောင်းရခြင်းကို ကျွန်တော် မနှစ်သက်ပါ။ သို့သော် ဘာကြောင့် လမ်းပိတ်ထားရသနည်းဆိုလျှင် ဓာတ်ကြိုးတစ်ချောင်း လမ်းပေါ် ပြတ်ကျနေသည်ကို ကျွန်တော် မြင်လိုက်ရသည်။ သတိပေးချက်ကို ကျွန်တော် လျစ်လျူရှုခဲ့ပါက အန္တရာယ်ထဲသို့ မောင်းဝင်မိသွားနိုင်ပါသည်။
တမန်တော်ဝတ္ထု ၁၆:၆-၁၀ တွင် ပေါလုနှင့် သူ၏အဖော်များသည် အာရှိ ပြည်၌ ဧဝံဂေလိတရား ဟောပြောရန် စိတ်ထက်သန်နေကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်က ထိုတံခါးကို ပိတ်ထားခဲ့သည်။ လမ်းလွှဲရခြင်းသည် အမြဲတမ်း ငြင်းပယ်ခံရခြင်း မဟုတ်ပါ။ ၎င်းတို့သည် လမ်းကြောင်းအသစ်သို့ ဘုရားရှင်ပို့ဆောင်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ လမ်းပေါ်က လမ်းပိတ်ဆိုင်းဘုတ်ကဲ့သို့ပင်၊ ဘုရားသခင်သည် ပေါလုကို ဗိသုန်ပြည်သို့ မဝင်စေရန် လမ်းလွှဲပေးခဲ့သည်။…
စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးသည် အမှိုက်ပုံးဘေးတွင် နေလောင်ဒဏ်ရာ၊ ပုရွက်ဆိတ်ကိုက်ခံရသည့်ဒဏ်ရာနှင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများရှိနေသည့် သတိလစ်နေသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။ သူ့ကိုယ်သူ မည်သူမှန်း မမှတ်မိပါ။ နောက်ပိုင်းမှ သိခဲ့ရသည်မှာ သူသည် ဘင်ဂျမင်ခိုင်(လ်)ဟု အမည်ရှိပြီး၊ မရေမရာ အခြေအနေတစ်ခုတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်ခဲ့သည်။ သူသည် အလုပ်မလုပ်နိုင်၊ ထောက်ပံ့ကြေးနှင့်အကျိုးခံစားခွင့်များလည်း မရနိုင်ပါ။ သူစိမ်းတစ်ရံစာများက မျိုးရိုးဗီဇစစ်ဆေးမှုနှင့် စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် သူမည်သူမည်ဝါဖြစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိရန် ကူညီကြရာ၊ သူ၏ဝေဒနာများ စတင်သက်သာလာသည်။ “ကျွန်တော့်ရဲ့ဇစ်မြစ်သမိုင်းကြောင်းဆိုတာ ရှိတယ်။ ကျွန်တော်က အခြေမဲ့အနေမဲ့တဲ့ သူစိမ်းတစ်ယောက် မဟုတ်ဘူး”ဟု သူက ဆိုသည်။
ကျမ်းစာထဲမှ ရုသ၏ဇာတ်လမ်းကိုလည်း မိမိ၏ဖြစ်တည်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခြင်း ပြယုတ်အဖြစ် ရှုမြင်နိုင်သည်။ ခင်ပွန်းသည်ဆုံးပြီး၊ သူ့မွေးရပ်မြေကို စွန့်ခွာလာပြီးနောက် သူမသည် ယောက္ခမဖြစ်သူနောမိအပြင် နောမိ၏ လူမျိုးများနှင့်တစ်သားတည်းဖြစ်ရန် သူရွေးချယ်ခဲ့သည်။ “ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။... ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊…
စိတ်နောက်ကျိနေသည့်အခိုက်အတန့်တွင် အိမ်ယာမဲ့တစ်ဦး၏ခွက်ထဲသို့ သူမ၏ မင်္ဂလာစိန်လက်စွပ် ပြုတ်ကျသွားသည်ကို စာရာ မသိလိုက်ပါ။ ထိုလက်စွပ်ကိုလမ်းတကာလှည့်လည်တောင်းစားသူ ဘီလီရေးက ရခဲ့ပြီး၊လက်စွပ်ကို တန်ဖိုးဖြတ်ပြီး ရောင်းစားပစ်ရန် စိတ်ကူးမိသည်။ သို့ရာတွင် သူသည် ရိုးသားမှုကိုရွေးချယ်ခဲ့ပြီး ရက်အနည်းငယ်အကြာ ကာယကံရှင် စာရာရောက်လာသည့်အခါ သူပြန်ပေးလိုက်သည်။ စာရာနှင့်သူမ၏ခင်ပွန်းတို့က ဘီလီရေးအား လှူတန်းရန် ရံပုံငွေကောက်ခံမှုကို စတင်လုပ်ဆောင်ခဲ့ရာ ရက်ရောစွာလှူဒါန်းကြသဖြင့် ငွေများစွာလက်ခံရရှိခဲ့သည်။ ဘီလီရေးသည် ငွေကြေးနှင့် ဥပဒေဆိုင်ရာ အကြံဉာဏ်ရယူကာ နောက်ဆုံးတွင်အိမ်တစ်လုံးဝယ်နိုင်ခဲ့သည်။ ကြာမြင့်စွာ အဆက်အသွယ်ပြတ်ခဲ့သည့် သူ၏မိသားစုနှင့်လည်း ပြန်လည်ပေါင်းစည်းခွင့်ရခဲ့သည်။
ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ပါက ဘုရားသခင်နှစ်သက်တော်မူပြီး အခြားသူများအတွက်လည်း နှိုးဆော်မှုဖြစ်သည်။ ရှောလမုန်မင်းက သူ၏ ဂုဏ်သမာဓိရှိမှုကို ဘုရားသခင်နှစ်သက်ကြောင်း၊“မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏”(သု ၁၂:၂၂)ဟုဆိုခဲ့သည်။ မုသာသုံးသူများကို ဘုရားသခင် “စက်ဆုပ်ရွံရှာ”သည်ဟု ပြင်းထန်သောစကားလုံးဖြင့် ဖော်ပြသည်။ ဘုရားသခင်၏လူတို့က မုသာသုံးခြင်း (သို့) “စိတ်ထဲမှာ လှည့်စား”သောအခါ(:၂၀)၊…
၁၉၆၀ နှစ်များတွင် အမေရိကန်ပြည်ထောင်စု အစိုးရရုံးအချို့တွင် အသုံးပြုသည့် မင်ကလောင်တံ(ink pen)များကို သတ်မှတ်စံချိန်မီစွာ ကုမ္ပဏီက မထုတ်လုပ်ပေးနိုင်သဖြင့် “General Services Administration (အထွေထွေစီမံအုပ်ချုပ်ရေးဌာန)”က “NIB(National Industries for the Blind) (မျက်မမြင်လုပ်သားများစီမံခန့်ခွဲရေးဌာန)”အား ဘောပင် သန်း ၇၀ ထုတ်လုပ်ပေးရန် အလုပ်အပ်ခဲ့သည်။ NIB သည် ဘောပင်များကို မထုတ်လုပ်ဖူးသော်လည်း ထိုစိန်ခေါ်ချက်ကို လက်ခံပြီး၊ ၁၉၆၇ မှစ၍ မျက်မမြင် စက်ရုံအလုပ်သမားများသည် စစ်မှုထမ်းများ တွင်ကျယ်စွာ အသုံးပြုသော ထိုစာရေးကရိယာကို သတ်မှတ်စံချိန်အတိုင်း ထုတ်လုပ်ပေးခဲ့သည်။ ထိုဘောပင်များကို ပြောင်းပြန်ထား၍ ရေးသားနိုင်သည်၊ မင်ရည်ကို တစ်မိုင်အရှည်ထိ အသုံးပြုနိုင်ပြီး ပြင်းထန်သော အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိပြီး မပျက်စီးပါ။
လူသားတစ်ယောက်စီသည် ဘုရားသခင်၏ပြည့်စုံသော သတ်မှတ်ချက်များဖြင့် ဖန်ဆင်းခြင်းခံရကြောင်း “ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ ... လူယောကျ်ား…
တရားသူကြီးတစ်ဦးသည် ဆိုင်၌ အလစ်သုတ်သည့်အမှုကို ကိုင်တွယ်ရာ၌ သူက ရပ်ရွာအကျိုးပြုပရဟိတအလုပ်တစ်စိတ်တစ်ဒေသအနေဖြင့် ပြစ်မှုကျူးလွန်သူအလစ်သမားများအား စတိုးဆိုင်၏ကားရပ်နားရာနေရာမှ ကားများကို ဆေးကြောရန် ထူးထူးခြားခြား စီရင်ချက်ချခဲ့သည်။ ၎င်းသည် ရှေ့လျှောက် အလစ်သုတ်မှုများကို ဟန့်တားနိုင်ပြီး၊ အမှားလုပ်ခြင်း၏အကျိုးဆက်ကို သတိပေးမည့်လုပ်ရပ်ဖြစ်ရန် သူမျှော်လင့်ခဲ့သည်။ လုပ်ရပ်တိုင်း၌ အကျိုးဆက်ရှိပြီး၊ တာဝန်ယူမှုသည် အရေးကြီးကြောင်းကို သူအလေးထားခဲ့သည်။
ထိုတရားသူကြီး၏ပြစ်ဒဏ်စီရင်မှုက “လူပြုတတ်သော အပြစ်တစ်စုံတစ်ရာကို ပြုသောသူ(သည်) ... မိမိအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝ ပြန်လျော်ရမည်” ဟူသော ကျမ်းချက်ကို ထင်ဟပ်သည်(တော ၅:၆-၇ စံမီ)။ ဤကျမ်းပိုဒ်တွင် အမှားကို သိမှတ်ခြင်း၊ အပြစ်ကို ဝန်ခံခြင်း၊ ပြန်လည်ပြုပြင်ခြင်းတို့သည် အရေးကြီးကြောင်း ဘုရားရှင်၏ဖော်ပြချက်ကိုတွေ့ရသည်။ ထိုအချက်များက အပြစ်ကျူးလွန်သူသည် ဣသရေလ လူမှုအသိုင်းအဝိုင်းအပေါ် သစ္စာမရှိမှုကို ဖော်ပြသကဲ့သို့ “ဘုရားအပေါ်၌ သစ္စာမရှိကြောင်း” ကိုလည်း ပြသရာရောက်သည် (:၆)ဟူသည့် လေးနက်သော…
၂၀၂၄ ခုနှစ် မတ်လ၌ အမေရိကန်လေကြောင်းကုမ္ပဏီတစ်ခုသည် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဌာန (Federal Aviation Administration)၏ ဘေးကင်း လုံခြုံရေးစစ်ဆေးမှုကို မအောင်မြင်ခဲ့ပေ။ လေယာဉ်ပေါ်ရှိ တံခါးတစ်ချပ်ကွဲထွက်သွားသောကြောင့် လေယာဉ်အတွင်း၌ အန္တရာယ်ကြီးမားသော လေဖိအား ကျဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းအပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ မတော်တဆ ဖြစ်ရပ်များစွာဖြစ်ပွားပြီး နောက်ပိုင်းတွင် ဤသို့စစ်ဆေးမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝန်ထမ်းများ လိုက်နာရမည့် ညွှန်ကြားချက်များသည် နားလည်ရန်ခက်ခဲပြီး၊ မကြာခဏ ပြောင်းလဲခြင်းကြောင့် ရလဒ်အနေဖြင့် သူတို့သည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို သစ္စာရှိရှိ လိုက်နာမှုမရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
ရှင်ပေါလုသည် ကောရိန္သုအသင်းတော်အား သူနှင့် အခြားခေါင်းဆောင်များကို သစ္စာရှိပြီး အတည်ပြုခံရသော “ခရစ်တော်၏ အစေအပါးများ”အဖြစ် ရှုမြင်သင့်သည်ဟု ပြောကြားခဲ့ပြီး၊ သူသည် ဘုရားသခင်အတွက် ဘဏ္ဍာစိုးအဖြစ် “ယုံကြည်အပ်နှံခံရသူ”ဖြစ်ကြောင်း ကြေညာခဲ့သည် (၁ ကော ၄:၁-၂)။ ရှင်ပေါလု၏ ခေတ်ကာလက ဘဏ္ဍာစိုးများသည်…
ကင်တာကီ(Kentucky)ပြည်နယ် အလယ်ပိုင်းဒေသ၏ သယ်ယူပို့ဆောင်ရေးအေဂျင်စီ(TACK) သည် ၎င်း၏ရုံးချုပ်ကို ပြန်လည် မွမ်းမံသောအခါ၊ လူအများ၏ သတိပြုမိခြင်းကို လိုလားသဖြင့် မသိသာသောဆိုင်းဘုတ်နှင့် ကြော်ငြာများအစား၊ ဝင်ပေါက်တွင် အမြင့်ပေ ၂၂ ပေ နီးပါးရှိသော ကြီးမားသည့်သံမှိုတစ်ခုကို တပ်ဆင်ခဲ့သည်။ ကမ္ဘာ့စံချိန်တင် သံမှိုသည် ဖြတ်သန်းသွားလာသူမည်သူ့ ကိုမျှ လွတ်မသွားစေဘဲ သေချာထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်သည်။
ဒံယေလ ၆ တွင် ဘုရားသခင်သည် လူအများသတိပြုမိအောင် မငြင်းနိုင်သောနိမိတ်လက္ခဏာကို ပြုခဲ့သည်။ သူသည် ဘုရားသခင်ထံ ဆက်လက်ဆုတောင်းခြင်းဖြင့် ဒါရိမင်းကြီး၏အမိန့်တော်ကို ဖီဆန်ခဲ့ခြင်းကြောင့် ခြင်္သေ့တွင်း၌ ပစ်ချခံရပြီး၊ ဘုရားသခင်သည် သူ့အား အံ့သြဖွယ် ကယ်တင်ခဲ့သည် (:၁၀-၂၃)။ ပရောဖက်ဒံယေလသည် “ဘုရားသခင်ကို ယုံကြည်”ခြင်းကြောင့် သေဘေးမှလွတ်မြောက်ခဲ့ပြီးနောက်(:၂၃)၊ ဒါရိမင်းကြီးက ဒံယေလ၏ ဘုရားသခင်သည် မေဒိနှင့်ပေရသိလူတို့၏ သေနေသောရုပ်တုများနှင့် မတူဘဲ၊ “အသက်ရှင်တော်မူသော၊ နိစ္စထာဝရတည်တော်မူသောဘုရားဖြစ်တော်မူ၏”(:၂၆)။ “မစကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။…